ဖလမ်း ၁၁ မေ
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့ငွေပေးအပ်ခြင်းကို မေ ၁၀ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းသည်။
ထို့နောက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား လူမှုရေးဝန်ကြီးက ထောက်ပံ့ငွေပေးအပ်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဖလမ်းမြို့နယ်အတွင်း မသန်စွမ်းသူ( ၅၇ )ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၇၁၀ဝ၀ဝ )ကျပ်၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၂၁၀ဝ၀ဝ၀) ကျပ်၊ ဖလမ်းမိဘမဲ့ဂေဟာ(၃)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၁၅၃၂၀ဝ၀)ကျပ်၊ လူငယ်ရိပ်သာ (၄)ခုအတွက် ထောက်ပံ့ငွေကျပ်(၄၀ဝ၀ဝ၀)ကျပ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေး(၂၆၆၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၇၈၃၃၀ဝ၀ဝ )ကျပ် တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN