စေတုတ္တရာ ၃ စက်တင်ဘာ



မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်စိမ့်ကျေးရွာရှိ တောင်သူ(၅)ဦး၏ လယ်မြေတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ကာ မျိုးသန့်မျိုးပွားမျိုးစေ့ (RS) အဆင့် မနောသုခ စပါးမျိုး (၁၀)ဧက စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအနေဖြင့် ဧက (၁၀၀) စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးထုပ်လုပ်မှုစရိတ် စုစုပေါင်း ငွေကျပ် ၁၄၉ သိန်း လေးသောင်း ကိုလည်းထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးမှု နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများအား စိုက်ပျိုးမှု နည်းပညာသစ် များဖြင့် စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးနည်းပညာသစ်များ၊ မျိုးစေ့ထုတ် စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် လက်တွေ့ကွင်းဆင်းပြသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ 

 

စည်သူလွင်(ပြန်/ဆက်)