စေတုတ္တရာ ၂၆ ဇွန်
ကျေးလက်နေပြည်သူများ ဌာနဆိုင်ရာများနှင့် ဆက်စပ်၍ လုပ်ငန်းများလုပ်ဆောင်ရာတွင် လွယ်ကူချော့မွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ရုံးဌာနများ၏ လုပ်ငန်းစဉ်များအား ပြည်သူများ သိရှိနိုင်စေရေးအတွက် စေတုတ္တရာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးမှ ရွေ့လျားဝန်ဆောင်လုပ်ငန်းများ အစီအစဉ်ဖြင့် စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာတွင် နံနက် ၈ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လယ်စာရင်းဦးစီးဌာနမှ လယ်ယာမြေများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးခြင်း၊ မြို့နယ် လဝကဦးစီးဌာနမှ မွေးတိုးနှင့် သေစာရင်းများ အိမ်ထောင်စုဇယားတွင် ဖြည့်ဆည်းပေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူး အသုံးပြုနည်း၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ဖော်ပြသခြင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးများ အခမဲ့ကုသပေးခြင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါရှာဖွေ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စည်သူလွင်(ပြန်/ဆက်)


