စေတုတ္တရာ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီ၊ ကဗျာ၊ အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း စေတုတ္တရာတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ စေတုတ္တရာမြို့နယ် ပညာရေးမှူး ဦးသန်းမြိုင်က အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲများအား စေတုတ္တရာမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများမှ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယာဉ်ပြိုင်ကြရာ စာစီစာကုံးတွင် (၆)ဦး၊ ကဗျာ (၈)ဦး၊ အထက်တန်းအဆင့် ပန်းချီ(၇)ဦး၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများမှ အင်္ဂလိပ်စာစွမ်းရည် (၈၀)ဦး၊ သင်္ချာစွမ်းရည် (၉၆)ဦးတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆန်းကိုကို(ပြန်/ဆက်)


