စေတုတ္တရာ ၁၃ ဇန်နဝါရီ
လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) မိတ်ဆက်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စေတုတ္တရာမြို့နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မင်းက အမှာ စကား ပြောကြားပြီး ဒုတိယအတွင်းရေးမှူး ဆလိုင်းဖြိုးမင်းဟိန်းက လူငယ်များအတွက် လူငယ်မူဝါဒ ပေါ်ပေါက်လာပုံကို သိရှိစေရန်၊ အနာဂတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်ခွန်အား ဖြစ်စေမည့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် သိရှိလိုသည်များကို မေးမြန်းတတ်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်ရေးရာအဖွဲ့ဝင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်က “လူငယ်နှင့်ပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာအဖွဲ့ဝင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးမြတ်စိုးလင်းက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)