စေတုတ္တရာ   ၁၃  ဇန်နဝါရီ

 

လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) မိတ်ဆက်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

2

 

အခမ်းအနားတွင် စေတုတ္တရာမြို့နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်မင်းက အမှာ စကား ပြောကြားပြီး  ဒုတိယအတွင်းရေးမှူး ဆလိုင်းဖြိုးမင်းဟိန်းက လူငယ်များအတွက်  လူငယ်မူဝါဒ ပေါ်ပေါက်လာပုံကို သိရှိစေရန်၊ အနာဂတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်ခွန်အား ဖြစ်စေမည့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် သိရှိလိုသည်များကို မေးမြန်းတတ်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း  ပြောကြားသည်။

 

3

 

ထို့နောက် လူငယ်ရေးရာအဖွဲ့ဝင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်က “လူငယ်နှင့်ပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာအဖွဲ့ဝင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးမြတ်စိုးလင်းက “လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

8

 

ခင်သန်းလှိုင်(ပြန်/ဆက်)