စေတုတ္တရာ ၁၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခြင်း အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာခြင်း အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ “၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရန်”အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ အများပြည်သူ အကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


