ဆားလင်းကြီးမြို့နယ်တွင် မြန်မာအသည်းဖောင်ဒေးရှင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်

ဆားလင်းကြီး    ၃၀    မေ

ဆားလင်းကြီး မြို့နယ် ကံကုန်းကျေးရွာ သစ္စာမွန်လူမှုကူညီရေးအသင်းနှင့် မြန်မာအသည်းဖောင်ဒေးရှင်း(မုံရွာရုံးခွဲ)တို့ပူးပေါင်း၍ ကံကုန်းကျေးရွာဖန်မီးအိမ်စာကြည့်တိုက်တွင် ပြည်သူများအားအသည်းရောဂါနှင့်ပက်သက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ဇွန်လ ၄ ရက်တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာသို့ အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများ လာရောက်ရာတွင် အခက်အခဲမရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဇော်လင်း(ဆားလင်းကြီး)