ဆားလင်းကြီး ၁၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင် အက်ရှင်အေ့ဒ်မြန်မာမှ ကြီးမှူးဖွင့်လှစ်သည့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးသင်တန်းကို ဆားလင်းကြီးမြို့  အ.မ.က  မြောက်ရွာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဇင်အောင်က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းတွင် စီမံကိန်းဝင်ကျေးရွာ(၁၁)ရွာမှ သင်တန်းသား(၃၃)ဦး တက်ရောက်ကြောင်း သိရသည်။

 

ဆက်လက်၍ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်က သင်တန်းပို့ချပြီး သင်တန်းပို့ချချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်ကြား ပို့ချခဲ့ကြောင်းသိရသည်။

 

မြကြွယ်ဝင်း (ပြန်/ဆက်)