နေပြည်တော် ၂၁ ဩဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်း၍  Organization Structure for New Corporation Seminar & Workshop ကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊စုဝေးခန်းမဆောင်၌ ကျင်းပသည်။


အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများ၊ JST မှ Project Director နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

efw4


အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကော်ပိုရေးရှင်းသို့ ကူးပြောင်းနိုင်ရန်အတွက် Corporation Law (Draft) ရေးဆွဲခြင်း၊ Corporation Structure ရေးဆွဲခြင်း၊ ကျန်ခဲ့မည့် Regulatory Body အား ကျစ်လစ်ပြီး စွမ်းဆောင်ရည်ရှိသည့် အဖွဲ့အစည်းဖြစ်စေရန် အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း။


ယခုလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် Corporation Law and Structure အား JICA နှင့်ပူးပေါင်း၍ ရေးဆွဲလျက်ရှိပါကြောင်း၊ JICA Study Team အနေဖြင့် ယနေ့ Workshop တွင် အသစ်ဖွဲ့စည်းမည့် ကော်ပိုရေးရှင်းအတွက် သင့်တော်သည့် ဖွဲ့စည်းပုံ၊ လုပ်ငန်းနှင့် တာဝန်များအကြောင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာပြီး ပူးပေါင်းရေးဆွဲမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ရေးဆွဲရာတွင် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် စသည့် အာဆီယံနိုင်ငံများမှ ဆောက်လုပ်ရေး ဝန်ဆောင်မှုဆိုင်ရာ Regulatory  Body က ခွဲထွက်သွားသည့် Independent / Nonindependent ကော်ပိုရေးရှင်းအဖွဲ့ အစည်းများအား လေ့လာပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကော်ပိုရေးရှင်းအသစ်အတွက် သင့်တော်မည့် ဖွဲ့စည်းပုံကိုရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများ အားလုံး၏ တီထွင်ဆန်းသစ်သည့် တွေးခေါ်မှုများ၊ ထင်မြင်ချက်ယူဆချက်များ၊ အကြံပြုချက်များ လိုအပ်လာပါကြောင်း။

 

dfwe


Workshop အပြီးဒုတိယနေ့တွင် ဆွေးနွေးမှုရလာဒ်များကို ပြန်လည်စုစည်း၊ အချောသတ်၍ ယခု Workshop ၏ ရလဒ်ဖြစ်သည့် ကော်ပိုရေးရှင်းဖွဲ့စည်းပုံမူကြမ်းကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကော်ပိုရေးရှင်းဖွဲ့စည်းပုံကိစ္စ အဆင်ပြေချောမွေ့စေရန် Confidential ဖြစ်စေရန်၊ Corporation Law and Structure တို့ ရေးဆွဲပြီးစီးနိုင်ရန်အတွက် တက်ရောက်လာကြသူများအားလုံး ဝိုင်းဝန်းစဉ်းစားဆွေးနွေးပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့နောက် JICA Myanmar မှ Senior Representative Mr. Kotaro Nishigata က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 


ယင်းနောက် JICA Study Team မှ Project Manager က Organization Structure Seminar &Workshop ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ 


ယနေ့ ကျင်းပသည့် Organization Structure for new Corporation Seminar & Workshop ကို အပိုင်း(၂) ပိုင်းခွဲ၍ ဩဂုတ် ၂၂ ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်