ဆော ၂၈ ဇူလိုင်
လူသုံးကုန်ပစ္စည်း ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဇူလိုင် ၂၇ ရက်မှစတင်၍ ဂန့်ဂေါခရိုင် ဆောမြို့ စင်္ကြာသီဟ ဘုရားကွင်းပြင်တွင် ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ လူသုံးကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စားသောက်ကုန်များ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် စာအုပ်စာစောင်များကို ရောင်းချပေးလျက်ရှိပြီး ညပိုင်းတွင် Model Dancer အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များ ပါဝင်ကာ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့များမှ ကုန်ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်အထိ ပြသရောင်းချပေးသွားမည်ဖြစ်ပြီး အောင်သြဘာမိသားစု ကုမ္ပဏီမှ ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
MDN


