ဆော ၁၂ ဇွန်

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုး စရိတ်များကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မေ ၇ ရက်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု ၅၁ အုပ်စုရှိ တောင်သူပေါင်း ၃၁၇၀ ဦး၊ စပါးဧက ၅၃၈၆ နှင့် အခြားသီးနှံဧက ၂၈၄၂၊ စုစုပေါင်းဧက ၈၂၂၈ အတွက် ချေးငွေစုစုပေါင်း ကျပ် ၁၀၉၂၁ သိန်းကို ထုတ်ချေးပေးရန် လျာထားခဲ့သည်။ မိုးစပါးတစ်ဧကအတွက် ချေးငွေနှုန်းထားမှာ ငွေကျပ် ၁၅၀ဝ၀ဝ နှင့် အခြားသီးနှံတစ်ဧကချေးငွေ နှုန်းထားမှာ ငွေကျပ် ၁၀ဝ၀ဝ၀ ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းဆင့် ပြောပြခဲ့သည်။

ယနေ့အထိ ကျေးရွာ ၂၉ ရွာမှ တောင်သူ ၁၄၃၉ ဦး၊ ဧကပေါင်း ၃၇၄၄ ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ် သိန်း ၅၀၁၁ ဒသမ ၅၀ ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN