ဆော ၂၀  မေ 

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များမြင့်မားလာပြီး အခွင့်အရေး ရပိုင်ခွင့်များကို အပြည့်အဝခံစားရရှိနိုင်စေရန်၊ အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်သည့် ပတ်ဝန်းကျင် ဖန်တီးပေးခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြင့်မားလာစေရန်၊ ဖွံ့ဖြိုးရေး အစီအစဉ်များ စီမံကိန်းများတွင်အမျိုးသမီးများ၏ လိုအပ်ချက်များထည့်သွင်းစဉ်းစားလာစေရန်၊ အမျိုးသမီးများ အချင်းချင်း ချိတ်ဆက်ပြီးဆွေးနွေးဖလှယ်ရန်၊ ကျားမတန်းတူညီမျှရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအတွက်အရေးကြီးသည့်ကဏ္ဍအဖြစ်ပါဝင်ကြောင်းလူအများပိုမိုသိရှိလာစေရန် ရည်ရွယ်လျက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း) ကျား-မရေးရာဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ တွင်ကျင်းပကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်သူများမှ အမျိုသမီးများ၏ ပညာရေး၊လေ့ကျင့်သင်ကြားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ဆုံးဖြတ်ချက်ချမှတ်ရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့်ပတ်သက်သည့် မေးခွန်း(၃၇)ခု အပေါ် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းနှင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာမေးခွန်းများအလိုက် အသီးသီးဖြေကြားကြကြောင်း နှင့် အဆိုပါဆွေးနွေးပွဲသို့ ဆောမြို့နယ်အတွင်းရှိ ကျေးရွာ (၁၁၇)ရွာမှ လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်(၁၈၀)ကျော်တက်ရောက်ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

MDN