ညောင်ရွှေ    ၄   ဇွန်

၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင် တော်ဦးတစ်ခွင် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၄ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရား၌ ကျင်းပကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အင်းလေးဒေသ ဖောင်တော်ဦးဘုရားနယ်မြေကို ဆေးလိပ်ငွေ့ ကင်းစင်သော ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ဆေးလိပ်ငွေ့ကင်းစင် ဖောင်တော်ဦးတစ်ခွင် မော်ကွန်းကျောက်စာတိုင်ကို ပြည်နယ်လူမှုရေးဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အင်းလေး ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ပြည်သူ လူထုများအနေဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေရန်၊ ဖောင်တော်ဦးဘုရားသို့ လာရောက်သော ဧည့်သည်များ ကြည်ညိုသဒ္ဓါပွားများစေရန်၊ စည်းကမ်းရှိမှုကို ပြသခြင်းအားဖြင့် အင်းလေးဒေသ၏ ဂုဏ်သိက္ခာကို မြှင့်မားစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်