ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော  ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်များ ထောက်ပံ့ပေးအပ်

ဆီဆိုင် ဒီဇင်ဘာ ၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း  ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက  မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်ဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့၏ မိသားစုဝင်ဖြစ်သော ဒေါ်ဖလောရင့်ဒယ်နီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးတို့က ဆီဆိုင်မြို့ပေါ်အတွင်းရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများတို့နှင့်တွေ့ဆုံ၍ မိတ်ဆက်အားပေးစကားပြောကြားပြီး  အိမ်ထောင်စု(၄၁၁)စုအတွက် ဆန်(၆)ပြည်ပါ(၄၁၁)အိတ်၊ စောင်(၂၄၀)ထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့၏ မိသားစုဝင်ဖြစ်သော ဒေါ်ဖလောရင့်ဒယ်နီနှင့်အဖွဲ့သည် ပါလောပါကယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆိုက်ခေါင် ကျေးရွာအတွင်း ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၃၆)စုအတွက် ဆန်(၆)ပြည်ပါ (၁၃၆)အိတ်တို့ကိုလည်းကောင်း၊ ရွှေရင်သာဘုရားဝင်းတွင် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉၈)စုအတွက် ဆန်(၆)ပြည်ပါ(၁၉၈)အိတ်တို့ကို လည်းကောင်း၊ နောင်မွန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် နောင်မွန်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၁၆)စုအတွက် ဆန်(၆)ပြည်ပါ(၁၁၆)အိတ်တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ပြီး  မိတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့၏ မိသားစုဝင်ဖြစ်သော ဒေါ်ဖလောရင့်ဒယ်နီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုး၊ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်တို့ပါဝင်သောအဖွဲ့သည် ဆီဆိုင်မြို့နယ်အတွင်း စုစုပေါင်း တိုက်ပွဲရှောင်အိမ်ထောင်စု(၈၆၁)စု၊ လူဦးရေ(၃၁၂၇)ဦးတို့အတွက် ဆန်(၆)ပြည်ပါ(၈၆၁)အိတ်၊ စောင်(၂၄၀)ထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)