ဆီဆိုင် ၇ ဇူလိုင်
ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ မိမိကျေးရွာမှာပင် ဆက်လက်ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၂၀ ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ အဆင့်တိုးမြှင့်ပေးလိုက်သော အခြေခံပညာကျောင်းများမှာ မူလတန်းကျောင်း(ခွဲ)မှ မူလတန်းကျောင်းအဖြစ် ကိုးကျောင်း၊ မူလတန်းကျောင်းမှ မူလတန်းလွန် ကျောင်းအဖြစ် ငါးကျောင်း၊ မူလတန်းလွန်ကျောင်းမှ အလယ်တန်းကျောင်း(ခွဲ)အဖြစ် သုံးကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် နှစ်ကျောင်းနှင့် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်း(ခွဲ)အဖြစ် တစ်ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၂၀ တို့အား ကျောင်းအဆင့် တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


