ဆိပ်ဖြူ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်ညနေ့ပိုင်းတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
ဆိပ်ဖြူမြို့နယ်တွင် နှစ်ဦးကူးပြောင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဒေသခံပြည်သူများက ကောင်းမှု ကုသိုလ်များပြုလုပ်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်း၊ လူငယ်လူရွယ်များက အတာရေသဘင်ပွဲ ရေပက် ဆော့ကစားခြင်းများ ဆောင်ရွက်ကြပြီး ဆိပ်ဖြူမြို့ ယောချောင်းအတွင်းသို့ ဒေသခံပြည်သူများ၊ နီးစပ်ရာမြို့နယ်တို့မှ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေ ရေကစားလာရောက်ကြကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)