ဆိပ်ဖြူ ၁၈ သြဂုတ်
၂၀၂၀ ပြည့်နှှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေး၊ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်၊ ဒုတိယ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးဉာဏ်အောင်နှင့် အဖွဲ့ခွဲကော်မတီဝင် များ၊ တာဝန်ရှိသူများတို့က မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်းစာရင်းများအတွက် မဲစာရင်းများကို သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း မရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်း၌ပါဝင် သည့်အချက်အလက်များ မှာယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် တောင်းဆိုခြင်းများ ဆောင်ရွက်နိုင် ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို ကပ်ထားကြေညာရာ၌ ရပ်ကွက် (၄) ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၄၂)အုပ်စုတွင် မဲဆန္ဒရှင်ဦးရေပေါင်း (၈၆၂၄၅) ဦးရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်ရေး တစ်အိမ််တက်ဆင်း အဖွဲ့များခွဲပြီး ကွင်းဆင်းကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုမျိုး (ယောဧရာ)