ဆိပ်ဖြူ        ဇူလိုင်     ၂၇

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့်   Software Program ဖြင့်ရေးဆွဲခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဇူလိုင်လ ၂၇ ရက် နံနက် ၁ဝနာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့်   Software Program ဖြင့် ရေးဆွဲခြင်းလုပ်ငန်းကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျုတာကျွမ်းကျင်ဝန်ထမ်းများက ဇူလိုင်လ ၁၈ ရက်မှစတင်၍ ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း တစ်မြို့နယ်လုံးရှိ အိမ်ထောင်စု (၂၄၀၀၀)ကျော်ကို အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့်   Software Programဖြင့် ၎င်းအိမ်ထောင်စုများနှင့် သက်ဆိုင်သည့် အချက်လက် များအား (၄၅) ရက်အတွင်း အပြီးရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးကိုလေးအောင်က ရှင်းလင်းတင်ပြပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးက အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံ e-ID စနစ်ဖြင့်   Software Program ပူးပေါင်းပါဝင်ရေးဆွဲနေသည့် ဝန်ထမ်းများကို အားပေးစကာများပြောကြားပေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

စိုးလင်းနိုင်(IPRD)