ဆိပ်ဖြူ  ၉  မေ 

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာမှ ရွှံ့စေးဖြင့် ပြုလုပ်သော မြေအုတ်လုပ်ရောင်းချသူများ ရောင်းဝယ်မှု အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။

 

IMG_2

 

ဆိပ်ဖြူမြို့နယ်၌  ရွှံ့စေးမြေအုတ်ကို ကမ္ဘားကြီး ကျေးရွာတွင် အများဆုံး ဆောင်ရွက်လျှက်ရှိပြီး  အုတ်လုပ်ငန်းကို ဆောင်းရာသီနှင့် နွေရာသီတို့တွင် လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်ကြောင်းသိရှိရပြီး၊ အုတ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုင်းမြေ၊ မြေသား ရေကန်အတွင်းမှ မြေစေးနှင့် သောင်သဲတို့ကို စနစ်တကျ ရောပြီး ရေဖျော်နင်းကာ ရွှံ့စေးမြေကို တစ်ညနှပ်ထားရှိကြောင်း မြေသားရွှံ့စေးအုတ်ဆောင်ရွက်ရပြီး နေပူသုံးရက် လှမ်းဆောင်ရွက်ရကြောင်း၊ ရရှိလာသော အုတ်စိမ်းများကို စနစ်တကျအုတ်ဖိုစီ၍ ထင်း၊ ဇီးခွဲခြမ်းတို့ကို အသုံးပြု၍(၃)ရက် မီးဖုတ်ရပြီး၊ အုတ်တစ်ဖိုလျှင် အုတ်စိမ်း (၃)သောင်း မီးဖုတ်ပေးရကြောင်း၊ အုတ်မီးဖုတ်နေစဉ် နေညမပြတ် စောင့်ကြည့်၍ လိုအပ်သော မီးအချိန်အဆများ ထင်းများ ဇီးခွဲခြမ်းများ ဖြည့်တင်းပေးရပြီး (၇)ရက်ခန့်ထားရှိကာ ရောင်းတန်ဝင် မြေအုတ်ကျက်များရရှိကြောင်း ၊ အုတ်စိမ်း အလုံးရေး သုံးသောင်းဖုတ်လျှင် အုတ်ကျက် အလုံးရေ နှစ်သောင်းငါးထောင်ခန့် ပုံမှန် ရရှိကြောင်း အုတ်ဖိုမီးထိုးများလျှင် ချော်အုတ်များဖြစ်ခြင်း ပျက်စီးမှုများခြင်း၊ မီးထိုးနည်းလျှင် သတ်မှတ် အရည်အသွေး မမှီခြင်းများဖြစ်တတ်ကြောင်း အုတ်လုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

 

18.j

 

အုတ်လုပ်ငန်ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်ပိုင်ဝင်ငွေ၊ ဒေသခံ အလုပ်သမားများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျှက်ရှိပြီး မြေသားအုတ်ကို စီမံကိန်းအဆောက်အဦးများ၊ ထပ်မြှင့် အဆောက်အဦများလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျှက်ရှိပြီး၊ အုတ်ဈေးနှုန်းအနေဖြင့် အထိုင်ဈေး တစ်လုံးလျှင် (၆၀) ကျပ်ဝန်းကျင်ရှိပြီး မှာယူသူများအနေဖြင့် ခရီးအနီးအဝေးလိုက်၍ အလုပ်သမားခ၊ ပို့ဆောင်ခဖြင့် တွင်ကျယ်စွာ ဆောင်ရွက်ပေးရလျှက်ရှိကြောင်း အုတ်လုပ်ငန်းဆောင်ရွက်သူ ဦးသန်းမြင့်ငွေက ပြောကြားသိရှိရသည်။ 

 

စိုးလင်းနိုင်(IPRD)

 

12.j