ဆိပ်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန တို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်တော စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သစ်တောစိုက်ခင်းသစ်များ ထူထောင်စိုက်ပျိုးရာ၌ မြို့နယ်သစ်တောဦးစီးဌာနက ကျေးရွာသုံး ထင်းစိုက်ခင်း (၅၀) ဧက၊ ဝါးစိုက်ခင်း (၃) ဧက အထူးစိမ်း စိုက်ခင်းအတွက် အပင်(၃၀၀၀)ပင်၊ လူထုဖြန့်ဝေ သစ်မျိုးစုံ အပင်ရေ( ၃၁၀၀၀) ပင်တို့ကိုလည်းကောင်း၊ မြို့နယ် အပူပိုင်ဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် စိုက်ခင်းအမှတ် (၁/၂၀၂၄)တွင် ကျေးရွာသုံး ထင်းစိုက်ခင်း (၅၀)ဧက၊ စိုက်ခင်းအမှတ် (၂/ ၂၀၂၄) တွင် အထူးစိမ်းစိုက်ခင်းအတွက် သစ်မျိုးစုံ (၃၀၀၀)ပင် ကိုလည်းကောင်း၊ ဒေသစိမ်းလန်းစိုပြေရေးအတွက် ကျေးရွာ(၉)ရွာတို့တွင် တစ်ရွာ (၂)ဧကနှုန်းဖြင့် (၁၈) ဧကတို့ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ဘဏ္ဍာနှစ်များက စိုက်ပျိုးဆောင်ရွက်ထားရှိသည့် သစ်တောစိုက်ခင်းများအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနများက တာဝန်ရှိသူ များထံမှ သိရသည်။
ဆိပ်ဖြူမြို့နယ်သည် ဒေသအပူချိန်မြင့်မားပြီး ဒေသမိုးသွန်းမှုနည်းပါသည့် ဒေသတစ်ခုဖြစ်သည့်အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်း၊ ဂေဟစနစ်များ ညီညွတ် မျှတစေရန်နှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင်ရှောက်တတ်စေရန် ရည်ရွယ်၍ ကျေးရွားသုံးထင်းစိုက်ခင်းများ၊ အထူးစိမ်း သစ်တောစိုက်ခင်းများအား ထူထောင်စိုက်ပျိုး ဆောင်ရွက်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
ကိုဇွဲ(အညာမြေ)
ပေးပို့သူ - ဦးစိုးလင်းနိုင်(ဓာတ်ပုံ-၂)
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၈/ဆဖန(နိုင်)၀၆၁၈၈၇
၀၉-၄၀၂၄၈၉၂၂၈