ကျုံပျော် ၂၃ သြဂုတ်

 


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း ယာဉ်အန္တရာယ်လျော့ နည်းကျဆင်းရေး ၊ဘေးကင်းလုံခြုံစွာသွားလာနိုင်စေရေး ရည်ရွယ်၍ မော်တော်ဆိုင်ကယ်မောင်းနှင်သူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး ခြင်းကို ဩဂုတ် ၂၂ ရက်က မြို့ဦးထိပ် ဗိုလ်ချုပ်လမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ မြို့နယ်ယာဉ်စည်းကမ်း ကြီးကြပ်မှုကော်မတီများပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် စီးနင်းသူများတွင် ဆိုင်ကယ် စီးဦးထုပ်မပါရှိခြင်း၊ နောက်ကြည့်မှန်မပါရှိခြင်းတို့ကို စစ်ဆေး၍ စည်းကမ်းညီညွတ်မှုမရှိသူများအား အရေးယူဆောင်ရွက်ခဲ့သည်။ ဆိုင်ကယ်စီးနင်းသူများတွင် ဦးထုပ်မပါသောကြောင့် ယာဉ်မတော်တဆမှုဖြစ်ပါက မကြာခဏ သေဆုံးမှုများရှိခဲ့ကြောင်းဖြင့် သိရသည်။

 


နေဝန်းရှိန် (ကျုံပျော်)