ဆမီး   ၁၄  ဇူလိုင်

 

ချင်းပြည်နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းကို MHF(Myanmar Humanitarian Fun)ဖြင့် ဂရုဏာလူမှုစည်းလုံး ညီညွတ်ရေး အသင်း(KMSS) ဟားခါးက ဇူလိုင်လ(၇)ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

 

"ဆမီးမြို့ တိုက်ပွဲရှောင်စခန်းမှာရှိတဲ့ ပြည်သူတွေသောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ယာယီ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ ရေသွယ်ယူခြင်းနဲ့ ယင်လုံအိမ်သာဆောက်လုပ်ခြင်းကို အဓိက ဆောင်ရွက်ပေးပါတယ်၊ မိုးရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားမိုးတွင်း ကာလမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေ ကြိုတင်ကာကွယ်နိုင်အောင်လို့ လက်ဆေးစင် ပြုလုပ်ပေးခြင်းနဲ့ သန့်လေးသန့် အသိပညာပေးခြင်းကို ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဆောင်ရွက် ပါတယ် " ဟု ဆမီးမြို့ဂရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း (KMSS) တာဝန်ခံ ဦးရှိန်းလိန်းထန်း က ပြောကြားသည်။

 

ဆမီးမြို့၌ တိုက်ပွဲရှောင်စခန်း(၅)ခုရှိ အိမ်ထောင်စု (၇၉၅)စု၊ လူဦးရေ (၃၄၃၆)ဦးအတွက် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် သောက်သုံးရေသွယ်ယူခြင်းကို ဇူလိုင်လကုန်အပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လဲ့လဲ့ခိုင်(ပြန်/ဆက်)