ဆွမ်ပရာဘွမ်   ၂၈  ဇူလိုင် 

ကျေးလက် ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းဖွင့်ပွဲနှင့် သားဖွားဆရာမနေအိမ် လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခါ့ဂရန်းယာန်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

02

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်ထွန်းတို့က အဆောက်အဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အဆောက်အဦ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမုန်ပေါန်နော်က အဆောက်အဦးနှင့် ပတ်သက်သည့် အချက်အလက် စာရွက်စာတမ်းများကို မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်နိုင်ထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းနှင့် သားဖွားဆရာမနေအိမ်တို့ကို ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)