ဆွမ်ပရာဘွမ် ၁၉ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်အုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ၊ အင်ကောမ အုပ်စု၊ အင်ကောမကျေးရွာ၊ ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၊ ကဝါးပန်အုပ်စု၊ ကရန်ယန် ကျေးရွာတို့တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့်တည်ဆောက်သည့် ကျေးရွာခန်းမ (၃)ခုနှင့် စာသင်ကျောင်း လမ်းအတက်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ အင်ဆိုင်းယန်ကျေးရွာတွင် ကျေးရွာခန်းမ(အလျား ပေ ၅၀ ၊ အနံ ပေ ၃၀ ၊ အမြင့် ၁၂ ပေ) ၊ အင်ကောမ ကျေးရွာတွင် စာသင်ကျောင်းအတက်ကွန်ကရစ်လမ်းခင်းခြင်း (အလျား ပေ ၄၅၀ ၊အနံ ၁၂ပေ ၊အမြင့်၆ လက်မ) ၊ ဆူယန်ကျေးရွာတွင် ကျေးရွာခန်းမ ( အလျား ပေ ၅၀ ၊အနံ ပေ ၃၀ ၊ အမြင့် ၁၂ ပေ) နှင့် ကရန်ယန်ကျေးရွာတွင် ကျေးရွာခန်းမ ကျေးရွာခန်းမ ( အလျား ပေ ၅၀ ၊အနံ ပေ ၃၀ ၊ အမြင့် ၁၂ ပေ) တို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၀ဝ)နှင့်ပြည်သူလူထုထည့်ဝင်ငွေများစုပေါင်း၍ မေလ ၇ ရက်နေ့မှ စတင်ကာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကော်မတီနှင့် ကျေးရွာ ပြည်သူလူထုကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပြီးစီးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ယင်လုပ်ငန်းများ ပြီးစီးသောကြောင့် မြို့နှင့်အလှမ်းကွာဝေးသော ကျေးရွာများတွင် အခမ်းအနားများ၊ ဘာသာရေးပွဲများနှင့် အစည်းအဝေးပွဲများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုဋေ ( ဆွမ်ပရာဘွမ် ပြန်/ဆက်)


