ဆွမ်ပရာဘွမ် ၁၃ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို ကားလမ်းဘေး ချစ်သူတံတားအနီးတွင် ကျန်းမာရေးစစ်ဆေးဂိတ်ကို စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီခန့်က ဖွင့်လှစ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ကျော့ပြန်မြင့်မားလာသည့်အတွက် ခရီးသွားပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စေရန် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့် ခရီးစဉ်များအား မှတ်တမ်းရေးသွင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆင့်ပွားကူးစက်မှု မရှိစေရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်ထားရှိကာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများ ပြောကြားပေးခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)၊ ကုဋေ


