ဆွမ်ပရာဘွမ် ၃ စက်တင်ဘာ 

 

ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ စက်တင်ဘာ၃ရက် နံနက် ၁၁ နာရီက မဲစာရင်း စိစစ်ရေးကော်မတီများမှ မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

ဆန္ဒမဲပေးရာတွင် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် မပါဝင်သူမရှိရအောင် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့အနေဖြင့် ပထမအကြိမ် မဲစာရင်းကပ်ထားရာတွင်  မဲဆန္ဒရှင် (၁၉၀၃) ဦး ၊ ယခု ပုံစံ (၃) တောင်းဆိုမှု (၁၀၅) ဦး ၊ ပုံစံ(၄) ကန့်ကွက်မှု (၁၄၆) ဦး၊ ပုံစံ (၄-ဂ) ပြင်ဆင်မှု (၁၆၀)   ရှိပြီး လက်ရှိ မဲဆန္ဒရှင် (၁၈၆၂ ) ရှိကြောင်း မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ကုဋေ ( ဆွမ်ပရာဘွမ် ပြန်/ဆက်)