ဆွမ်ပရာဘွမ်  ၂၉  ဩဂုတ်  

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မကျန်းမာသော မွေးစမှ ၅ နှစ်အောက်ကလေး ပေါင်းစည်းကုသခြင်း သင်တန်းဆင်းပွဲကို သြဂုတ်၂၈ ရက် မွန်းလွဲ ၄ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး၊ ၅နှစ်အောက် ကလေးတွေသေဆုံးမှု လျော့နည်းစေရေး၊ ကျေးလက်ကျန်းမာရေးဌာနလွှမ်းခြုံမှု မပေးနိုင်သော ကျေးရွာများတွင် သင့်တော်သောကုသမှုပေးနိုင်စေရေး၊ အရေးကြီးသောလူနာများကို အချိန်မီ လွှဲပြောင်းပေးပို့နိုင်ရေးရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ယွန်တောင်က ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို ဩဂုတ် ၂၆ ရက်မှ ၂၈ ရက်နေ့ထိ (၃) ရက်ကြာ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသို့ ကျေးရွာ အုပ်စု(၉)အုပ်စုမှ သင်တန်းသူ ၁၃ ဦး တက်ရောက်ကြောင်းနှင့် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ယွန်တောင်နှင့် သားဖွာဆရာမ ဒေါ်စမ်းနန္ဒာအေး တို့က သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)