ဆွမ်ပရာဘွမ် ၂၂ စက်တင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ ဆွမ်ပရာဘွမ်မြို့နယ်ရှိ မဲရုံ (၁၂) ရုံတွင် မဲရုံမှူး (၁၂) ဦး၊ ဒုမဲရုံမှူး (၁၂ ) ဦး အပါအဝင် မဲရုံအဖွဲ့ဝင် (၁၅၆) ဦးဖြင့် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် ပုံစံ (၃) တောင်းဆို၊ ပုံစံ(၄) ကန့် ကွက်၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခြင်းများအား ပြည်ထောင်စုကော်မရှင်၏ ညွှန်ကြားချက်အတိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင် စည်းရုံးခွင့်ပြုသည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကာလတွင် အသုံးပြုရမည့်ပုံစံများအားလုံ လောက်စွာအသုံးပြုနိုင်ရေး ကြိုတင်ထုတ်ဝေ၍ ပြင်ဆင်ထားမည်ဖြစ်ပါကြောင်း၊ ပုံစံ (၃-က) လျှောက်ထားမှုများအား စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်လက်ခံ၍ အချက်အလက်ပြည်စုံသူများအားပုံစံ (၃-ခ) ဖြင့် ဆက်လက်ပြုစု ဆောင်ရွက်ကြပါကြောင်း၊ ပုံစံ (၃-ခ) များအားသုံးစောင်ပြုစု၍ မဲစာရင်းပါရှိရာ မူရင်းမြို့နယ်သို့ ဥပဒေနှင့်အညီ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြီး မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)