ဆွမ်ပရာဘွမ်    ၁၁   သြဂုတ်   

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုအောင်မြင်သူစာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ဩဂုတ် ၁၀  ရက် နံနက်ပိုင်းက Online မှ ကြေညာခဲ့သည်။

 

mdn

 

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းတွင်း ဖြေဆိုသူကျား (၂၆) ဦး၊ မ(၄၄)ဦး စုစုပေါင်း (၇၀) ဖြေဆိုခဲ့ရာ ကျား (၆) ဦး၊ မ (၈) ဦး စုစုပေါင်း (၁၄) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူများတွင် ကျောင်းတွင်းဖြေဆိုသူများမှ ၂ ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၂)ဦး စုစုပေါင်း (၃)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ စုစုပေါင်း (၆၀) ဦးရှိပြီး အောင်မြင်သူ (၆) ဦးဖြစ်ကြောင်း (၁)ဘာသာဂုဏ်ထူးရှင် (၁) ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၁၁.၆၇%) အောင်မြင်ခဲ့သဖြင့် ယခုနှစ်အောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းထံမှ သိရှိရသည်။

 

ကုဋေ(ပြန်/ဆက်)