ညောင်ဦး   ၁၄  ဩဂုတ်

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း (၂၁)ခုရှိ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ဝန်ထမ်း (၄၈၄)ဦး အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အတွင်း အထောက်အကူ ဖြစ်စေရေးအတွက် ဆင်ထိန်းသိမ်းရေး စောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၄၀ဝ၀ဝ ထောက်ပံ့ ပေးခြင်းအား သက်ဆိုင်ရာဆင်စခန်း အသီးသီးတွင် ဩဂုတ်  ၁၄ ရက်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆင်ထိန်းသိမ်းရေး ဝန်ထမ်းများ အထောက်အကူ ဖြစ်စေရန် မြန်မာ့သစ်လုပ်ငန်း၊ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွား လုပ်ငန်း Elephant Conservation Based Tourism(ECBT)စခန်းများအတွက် The Nature Conservancy (TNC) က ဆင်ထိန်းသိမ်းရေး ဝန်ထမ်းများအားထောက်ပံ့ငွေပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။

 

စီးပွားရေးကဏ္ဍတွင် ပိုမို၍အမျိုးအစားစုံလင်ကြွယ်ဝစွာ ဆောင်ရွက်နိုင်ရေးကို အားဖြည့်ပေးနိုင်သော ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အခွင့်အလမ်းများအား ဖော်ဆောင်နိုင် သည့်အပြင် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် စီးပွားရေးစီမံကိန်းတစ်ရပ် ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်နေ့သည့် The Nature Conservation Myanmar သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ မြန်မာ့သစ်လုပ်ငန်း Elephant Conservation Based Tourism(ECBT) စခန်း (၂၁)ခုရှိ ဆင်ကောင်ရေ (၉၁)ကောင်နှင့် ဝန်ထမ်း (၄၈၄)ဦးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အထောက်အကူ ဖြစ်စေရေးအတွက် ၃၃၀၁၀ဝ၀ဝ (ကျပ်သုံးရာသုံးဆယ် သိန်းတစ်သောင်း တိတိအား The Nature Conservancy Myanmar မှ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ဆင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးလျှင် ကျပ်လေးသောင်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်းသိရကာ မြိုင် ဟေဝန် ဆင်စခန်းရှိ ဆင်(၃၁)ကောင်နှင့်ဆင်ဝန်ထမ်း (၄၇)ဦးအားလည်းဆက်လက်ကူညီ ထောက်ပံ့ နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ၊ ငလိုက်ဆင်စခန်း၊ဝဲမဆင်စခန်း၊ ပျားစွဲဆင်စခန်း၊ နတ်ပါက် ဆင်စခန်း၊ မိုးမခဆင်စခန်း၊ဖိုးကျားဆင်စခန်း၊ ဝဂငေ်္ဘာဆင်စခန်း၊မှော် ယောကြီးဆင်စခန်း၊ ဒီးဒုတ် ဆင်စခန်း၊ ပလင်းကမ်းသာယာဆင်စခန်း၊ ငွေဆောင်ဆင်စခန်း၊ တလယ်နယ် ဆင်စခန်း၊ မြိုင်ဟေဝန် ဆင်စခန်း၊ နတ်မှော်ဆင်စခန်း၊ ရှမ်းရိုးမဆင်စခန်း၊ ခိုင်ကမ်း ဆင်စခန်း၊ ရွှေစက်တော် မန်းချောင်းဆင်စခန်း၊ ဗော်ဓိတစ်ထောင် ဆင်စခန်းနှင့် ဇလုံတောင်ဆင်စခန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသော ဆင်စခန်းများ ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း