ကျောက်ဆည်  ၃  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ လူမှုဖူလုံရေးထောက်ပံ့  ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ဆင်မင်းဘိလပ်မြေစက်ရုံတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလတွင် ယာယီရပ်နားခဲ့ရာမှ စစ်ဆေးရေးအဖွဲ့၏ သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ ဆင်မင်းဘိလပ်မြေ စက်ရုံအား ဖွင့်လှစ်ခဲ့ရာ လူမှုဖူလုံရေး ထောက်ပံ့ပေးငွေအနေဖြင့် အာမခံအလုပ်သမားများ၏ ၄၀ ရာခိုင်နှုန်းအား ပေးအပ်ခြင်းဖြစ်ပြီး အခြားစက်ရုံများကိုလည်း တင်ပြထားရှိပြီးဖြစ်၍ ခွင့်ပြချက်ရရှိပါက ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည် မှ ဆင်မင်းဘိလပ်မြေစက်ရုံ အာမခံအလုပ်သမား ၈၂၅ ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေကျပ် ၂၉၈၉၆၇၂၁ ဒသမ ၆၀ အား လုပ်ငန်းညှိနှိုင်းမှု ကော်မတီအဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်တင်ထွေး(ပြန်/ဆက်)