ဆင်ပေါင်ဝဲ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဩဂုတ် ၉ ရက်က ချောင်းကောက်ကျေးရွာ အ.ထ.ကကျောင်းသို့ ရောက်ရှိ၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်း၊ သံချဆေးနှင့် သံဓာတ်အားဆေးများပေးဝေခြင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပိုးလောက်လန်းကင်းစင်စေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)