ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၀
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးနိုင်လင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ပြည်ထောင်စုစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာပုံအကြောင်း အထိမ်းအမှတ် နံရံကပ်စာစောင်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသူများ၊ ကဗျာများ၊ ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးများနှင့် သုတ၊ ရသစာအုပ်များ နံရံကပ်စာစောင်များကို ပြသထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၂ ရက်အထိ (၃)ရက်ကြာ ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်ဆက်)


