ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့်အတူ Asia Destiny ကုမ္ပဏီမှ တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၁၀ ရက်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် Asia Destiny ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁) (ဆင်ပေါင်ဝဲမြို့နယ်) ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂/၀ မိုင် စတင်ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ အဆိုပါအဖွဲ့သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် လင်းမြတ်မင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ကန်ချောင်းကျေးရွာမှ ကိုးပင်-သာဂရလမ်း ဆက်သွယ်သော လမ်းမြေသားလမ်းချဲ့၍ မြေနီကျောက်စရစ်ခင်းခြင်း ၁/၃ မိုင် စတင်ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း (မြို့နယ် ပြန်/ဆက်)


