ဆင်ပေါင်ဝဲ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အထူးစိမ်းစိုက်ခင်း၊ အပင် (၉၃၀၀) ရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေအား ယမန်နေ့က မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ဇော်လတ်မှ စိုက်ခင်းမြေနေရာအများစုသည်ကြပ်တီး၊ နုန်းပါဝင်မှုများသောကြောင့် စိုက်ခင်းရှင်သန်ဖြစ်ထွန်းမှုကောင်းမွန်စေရန် ကျင်းမဖို့မီအချိန်တွင်လချေးမှုန့်ထည့်သွင်းခြင်း လုပ်ငန်းအားသီးခြားအနေဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ပိုးကျရောက်သည့် အချိန်များတွင်လည်း ပိုးသတ်ဆေးဖြန်းခြင်း၊ အားဆေးအနေဖြင့် အာမို GA3 အမျိုးအစားအားဆေး(၁)ကြိမ်၊ရွက်ဖြန်းအားဆေး(၁)ကြိမ်ပက်ဖျန်းပေးရကြောင်း၊စိုက်ခင်းအနီး၌လည်း မြေသားရေကန်တူးခြင်း၊ကွန်ကရစ်ရေကန်တည်ဆောက်ခြင်းနှင့်စိုက်ခင်းတွင်းရေပိုက်လိုင်းသွယ်တန်းဆောင်ရွက်ထားရှိပြီး အချိန်မရွေးရေလောင်းပြုစုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲပြန်/ဆက်


