ဆင်ပေါင်ဝဲ  နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊   ဆင်ပေါင်ဝဲမြို့နယ်၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းဇော်ဦးမှ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  တာဝန်ယူဆောင်ရွက်လျက်ရှိသော အထူးစိမ်းစိုက်ခင်း၊ အပင် (၉၃၀၀)  ရှင်သန်ဖြစ်ထွန်းနေမှု   အခြေအနေအား  ယမန်နေ့က   မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ဇော်လတ်မှ စိုက်ခင်းမြေနေရာအများစုသည်ကြပ်တီး၊ နုန်းပါဝင်မှုများသောကြောင့် စိုက်ခင်းရှင်သန်ဖြစ်ထွန်းမှုကောင်းမွန်စေရန်   ကျင်းမဖို့မီအချိန်တွင်လချေးမှုန့်ထည့်သွင်းခြင်း လုပ်ငန်းအားသီးခြားအနေဖြင့်  ဆောင်ရွက်ခဲ့ရကြောင်း၊ပိုးကျရောက်သည့်  အချိန်များတွင်လည်း  ပိုးသတ်ဆေးဖြန်းခြင်း၊   အားဆေးအနေဖြင့်  အာမို GA3 အမျိုးအစားအားဆေး(၁)ကြိမ်၊ရွက်ဖြန်းအားဆေး(၁)ကြိမ်ပက်ဖျန်းပေးရကြောင်း၊စိုက်ခင်းအနီး၌လည်း မြေသားရေကန်တူးခြင်း၊ကွန်ကရစ်ရေကန်တည်ဆောက်ခြင်းနှင့်စိုက်ခင်းတွင်းရေပိုက်လိုင်းသွယ်တန်းဆောင်ရွက်ထားရှိပြီး အချိန်မရွေးရေလောင်းပြုစုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း  စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
 
ဆင်ပေါင်ဝဲပြန်/ဆက်