ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ (၁၂) ရွာအား စက်တင်ဘာ ၁၃ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စီမံကိန်းရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း (၁၀၀) စီ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးမှ ရန်ပုံငွေထောက်ပံ့ပေးအပ်ရသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရန်ပုံငွေများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့် ရွာသစ်ကျေးရွာ၊ စည်ပင်လှကျေးရွာ၊ ဝါးရှိ (ကုန်း) ကျေးရွာ၊ တဲချောင်းကျေးရွာ၊ ကန်လှကျေးရွာ၊ မကြီးကန်ကျေးရွာ၊ ဆိုင်းစုကျေးရွာ၊ အလယ်ရွာ​​ကျေးရွာ၊ မောင်းတုန်းကျေးရွာ၊ နားပဲ့ကျေးရွာ၊ သာဝတ္တိကျေးရွာ၊ ကရကတ်ကျေးရွာများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)