ဆင်ပေါင်ဝဲ ၂၇ ဇွန် 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ရက်ကွက်၊ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအား လယ်ယာမြေ လုပ်ပိုင်ခွင့် နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၂၆ ရက်မွန်းလွဲ ၁ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်  ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို တို့က အမှာစကားပြောကြားပြီး  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးမြတ်သိန်းဇော်က မြို့နယ်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအား လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ ဌားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့ နယ်ဦးစီးမှူး ဦးမြတ်သိန်းဇော်က ပြန်လည်ဖြေကြားသည်။ 


ထို့နောက် တက်ရောက်လာသူများအား ရပ်၊ ကျေးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ လိုက်နာစိစစ်ဆောင်ရွက်ရန် ညွှန်ကြားချက်များအား လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


နေခြည်(ဆင်ပေါင်ဝဲ)