လှိုင်းဘွဲ ၆ ဇူလိုင်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာအုပ်စု မဲလောင်းလေးကျေးရွာတွင် ဆင်းသုခ စပါးမျိုးကို SRI စနစ်ဖြင့် Rs to Cs မျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဦးလှမင်းအောင်၏ လယ်မြေအတွင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စိုက်ပျိုးကွင်းသရုပ်ပြပွဲတွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့များ ပျိုးထောင်ရမည့် နည်းလမ်းများကို ပြသခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းများကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


