စစ်ကိုင်း ၁၀ မေ
စစ်ကိုင်းမြို့နယ် မင်းဝံတောင်ရိုးအနောက်ဘက် ရှိ ဆည်လေးတောကျေးနေပြည်သူများ အဓိအားထား အသုံးပြုနေသော မိုးရေစုကန်မှာ ရေခန်းခြောက်နေသောကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း ကျေးရွာအုပ်ချူပ်ရေးမှူးထံမှ သိရသည်။
ဆည်လေးတောကျေးရွာနေပြည်သူများ အဓိကထား အသုံးပြုနေသော မိုးရေစုကန်မှာ တစ်ဧကပတ်လည်ရှိပြီး နွေကာလ၌ ရေခန်းခြောက်မှု ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ကျေးရွာနေပြည်သူများမှာ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
''ရွာမှာ အဓိက အသုံးပြုနေတဲ့ မိုးရေကန်က နှစ်စဉ်လိုပဲ မေလ လောက်က စပြီး ရေခန်းတယ် ဇွန်လထိ ရေခန်းတဲ့ အတွက် သောက်သုံးရေ အခက်အခဲရှိနေတယ် နှစ်စဉ် နွေကာလဆို ရေအခက်အခဲဖြစ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ရေဂါလံ ၆၀ဝ ဆံ ကားကို လှူပေးထားတယ်။ ရွာကဆရာတော် က ဦးစီးပြီး ရေပေးဝေနေပါတယ်။'' ဟု ဆည်လေးတော ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်ကျော်က ပြောသည်။
ဆည်လေးတောကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး နှစ်စဉ်နွေရာသီရောက်တိုင်း ရေတွင်း၊ ရေကန်များခန်းခြောက်လေ့ရှိခြင်း၊ အဝီစိတွင်းတူးဖော်သော်လည်းရေချိုထွက်မှုနည်းပါးခြင်းတို့ကြောင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လေ့ရှိကြောင်း၊ထို့သို့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် မေ ၇ ရက်နေ့ နံနက်ပိုင်းတွင် အလှူရှင်များကသောက်သုံးရေ များသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)
