မန္တလေး ၂ ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံမှ မန္တလေးခရိုင်အတွင်းရှိ မတ္တရာ၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်အတွင်းသို့ စိုက်ပျိုးရေပေးဝေလျက်ရှိရာ ပုသိမ်ကြီးမြို့နယ် နန္ဒာကျေးရွာ ရေသောက်စနစ်တွင် ဆည်ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ဇူလိုင် ၂ ရက် မွန်းလွဲ ၃ နာရီက အဆိုပါကျေးရွာ ကျောက်သံပတ်မြောင်း နန္ဒာရှင်းလင်းဆောင်တွင် ကျင်းပသည်။

 

ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အထက်မြန်မာပြည်) ဒေါက်တာဇော်လွင်ထွန်း၊ အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုးနှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်တို့က ဖွဲ့စည်းခြင်းအခမ်းအနားတွင် အမှာစကားပြောကြားခြင်းနှင့် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရေအသုံးချသူများအဖွဲ့ WUG အဖွဲ့ သုံးဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကာ အဖွဲ့အသီးသီးအား အမှတ်တရ လက်ဆောင်များ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျောက်သံပတ်မြောင်းမှ စိုက်ပျိုးရေများကို ပေးဝေလျက်ရှိရာ လက်ရှိတွင် နွေစပါး ၁၇၇၅ ဧက ရိတ်သိမ်းနေပြီး မိုးစပါး ၂၁၆၃ ဧက စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိပြီး တောင်သူများ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)