မတ္တရာ ၈ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင်အဖွဲ့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တမံရှင်းလင်းဆောင်၌ ညွန်ကြားရေးမှူးချုပ်က ဆည်တော်ကြီးရေလှောင်တမံ၏ ရေဝင်ရောက်မှု အခြေအနေ၊ မိုးစပါး စိုက်ပျိုးရေပေးဝေနေမှုနှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု အခြေအနေ၊ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Preparedness Plan-EPP)ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေများအား အသေးစိတ်ညွှန်ကြားဆွေးနွေးခဲ့ပြီး တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲရေတံခါးများအား ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ကင်းတားရေလွှဲဆည်သို့ သွားရောက်ပြီး လျှပ်စစ်ရေတင်စနစ်ဖြင့် မိတ္ထီလာလွင်ပြင် စိုက်ပျိုးရေပေးဝေနိုင်ရန် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ မွန်းလွဲပိုင်းတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံသို့ ရောက်ရှိပြီး တမံရေဝင်ရောက်မှုအခြေအနေ၊ မိုးစပါး စိုက်ပျိုးရေပေးဝေနေမှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေ၊ အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက် (EPP)ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေများအား အသေးစိတ် ညွှန်ကြားဆွေးနွေးခဲ့ပြီး တမံကြံ့ခိုင်မှုနှင့် ရေအားအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မွှေး


