မိုင်းယောင်း ၂၇ ဇွန်


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများအား ဇွန် ၂၆ ရက်က အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြာင်း သိရသည်။


ထိုသို့ ပေးအပ်ရာတွင် ဆရာ ခြောက်ဦး၊ ဆရာမ ၃၆ ဦးတို့အား တစ်ဦးလျှင် ကျောင်းဝတ်စုံ နှစ်စုံစီ စုစုပေါင်း ကျောင်းဝတ်စုံ ၈၄ စုံကို အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းနေလွင် နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုကြီးနှင့် ဆရာ ဆရာမတို့က လက်ခံရယူခဲ့သည်။

    
အဆိုပါ အခမ်းအနားသို့ မိုင်းယောင်းတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဝဏ္ဏ နှင့် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ တက်ရောက်ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 

1