နေပြည်တော် ၉ ဇူလိုင် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တက်ရောက်ပြီး စိန်ပန်းပင်အား စိုက်ပျိုပေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့် အမှုထမ်းများက စိန်တစ်လုံးသရက်ပင် (၉၅၀)၊ ပတ္တမြားငမောက်သရက်ပင် (၇၀ဝ)၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီပင် (၅၀ဝ) နှင့် အရိပ်ရစိန်ပန်း၊ ရေတမာ၊ ငုသိမ်ဝင်၊ ငုစပ်ဝင် စုစုပေါင်း (၂၅၅၀) တို့အား စိုက်ပျိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် စိုက်ပျိုးဖြစ်ထွန်းနေသည့် စိန်တစ်လုံးသရက်ပင်၊ ပတ္တမြားငမောက် သရက်ပင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်