နေပြည်တော် မေ ၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ အမဲသား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိပြီး ယနေ့တွင် ၃၃ ရက် မြောက်အဖြစ် ဈေးကားခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

 

မတ် ၃၀ ရက်မှ ယနေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်း အလုပ်ရုံ ဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံ ဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိ ရပ်ကွက် အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်၊ နေပြည်တော်ဘူတာကြီး၊ ဥပ္ပါတသန္တိ ဘုရားပရိဝုဏ်အတွင်းရှိ လုံခြုံရေးဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၁၀၁၃၁ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံ ပေါ်ဆန်း) ၂၃၅၃ အိတ်၊ ဆီ ပိဿာ ၃၂၈၇၀၊ ဆား ၁၅၁၈ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၅၄၉၄ ထုပ်၊ ငါးပိ ၂၉၇ ပိဿာ၊ ကြက်သားအကောင် ၂၅၀၊ ဝက်သား ပိဿာ ၂၀၊ အမဲသား ၂၅ ပိဿာ၊ ငါးကြင်းပိဿာ ၉၀၊ ငါးတန် ပိဿာ ၉၀၊ ငါးမုတ် ပိဿာ ၇၀၊ ကြက်ဥအလုံး ၁၅၃၂၀၊ ဘဲဥအလုံး ၆၆၃၀၊ ငုံးဥအလုံး ၂၀၀၀၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲ ခြောက်များ၊ ခေါက်ဆွဲ ခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံ သီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့် မုန်ညင်းဖြူ စသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေး သွားမည် ဖြစ်သည်။

 

အလားတူ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီး ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၁၁ အိတ်၊ စားအုန်းဆီ ၄၈၉၃ ပိဿာ၊ ဆား ၇၃ ပိဿာ၊ ကုလားပဲ ၂၀ ကျပ် သားပါ ၃၇၄ ဘူး၊ ငါးပိ ၂၃ ပိဿာ၊ ကြက်သွန်နီ ၅၇၃ ပိဿာ၊ အသားတု ၂၇ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေး မြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနော သုခ) ၆၁၂ အိတ်၊ စားအုန်းဆီ ပိဿာ ၅၉၄၀၀၊ ဆား ၅၄ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၈၉ ထုပ်၊ ငါးပိ ၂၁ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

သတင်းစဉ်