နေပြည်တော်၊ အောက်တိုဘာ ၂၈
လယ်ဝေမြို့နယ်၊ မော်လမြိုင်မြို့နှင့် တာချီလိတ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေး ဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲတွင် လယ်ဝေးမြို့နယ် တောင်စဉ် အေးကျေးရွာအနီးတွင် စိုးရန်နိုင်(ခ)သဲသဲ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ကို လည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခွဲတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် သဇင်လမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ စိုးဝင်း(ခ) ရွှေငါး အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူး သွပ်ဆေးပြား ၉,၄၀၀ ကို လည်းကောင်း၊ ထို့အတူ အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)ရပ်ကွက် ဝမ်မိုင်ကွက်သစ်အနီးတွင် အိုက်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)