ကန်ကြီးဒေါင့် ၂၉ မေ
ကန်ကြီးဒေါင့်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် စာဖြူကျေးရွာ ကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောက်လုပ်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ၉၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ပြီး မကြာမီ လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာဖြူစုကျေးရွာ ကုန်ထုတ်လမ်းအမှတ်(၁) ဂဝံခင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၁၀၉ ခုဘဏ္ဍာရေးနှစ် မူလခွင့်ပြု ရန်ပုံငွေကျပ် (၇၆.၉၆)သန်းဖြင့် အရှည် ၃၁၆၈ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မအမြင့် ဖြစ်ပြီး တင်ဒါအောင်မြင်သည့် ဓညဝတီပရင့်ဆက်စ်ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက စိုက်ပျိုးထုတ်လုပ်ရေးဧက ၂၀ဝကျော် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်မူများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)က ညွှန်ကြားရေးမှူး ဦးလှခိုင်၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးနေထက်ရှိန်၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးစတင့်ဝေနှင့် မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်တို့က မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
စိုးမိုးကျော်
