နေပြည်တော် ၁၈ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အမျိုးသားအဆင့် အစားအစာနှင့် စိုက်ပျိုးရေးစနစ်များ ဆိုင်ရာစီမံကိန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စ၊ ရခိုင်ပြည်နယ် အတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး လုပ်ငန်းများစနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စ၊ လယ်ယာမြေနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


