၁၆ မေ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်မြန်မာ့စီးပွားရေးဘဏ်နှင့်ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုး ရေးနှင့် မွေးမြူရေးချေးငွေများကို တောင်သူလယ်သမားများ အပါအဝင် လုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသောစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများရရှိစေရန်၂၀၁၈ ခုနှစ်၊ ဧပြီလမှစ၍ထုတ်ချေးပေးလျက်ရှိပါသည်။
ချေးငွေအားနှစ်တိုချေးငွေ ၃ နှစ် ၊ နှစ်ရှည်ချေးငွေ ၅ နှစ်သတ်မှတ်ပြီးနှစ်တိုချေးငွေ အတွက် ကျပ်သိန်း (၅၀ဝ)အထိ၊နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း (၅၀ဝ၀)အထိထုတ်ချေး ပေးလျက်ရှိပါသည်။ အတိုးနှုန်းမှာတစ်နှစ်လျှင် ၉% ဖြစ်ပြီးငွေချေးယူသူ၏ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု ၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့ အပေါ်စိစစ်၍ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကိုသတ်မှတ်ထုတ်ချေးပေး လျက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ ဧပြီလကုန်ထိစိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာချေးငွေကို မြို့နယ် ပေါင်း (၉၆) ခုတွင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ကိုင်သူ (၆၈၀) ဦးသို့ ငွေကျပ် (၆၃၂၆) သန်း ကျော် ထုတ်ချေးထားပြီးဖြစ်ပါသည်။
ချေးငွေအတွက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါကလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်း၊ မွေးမြူရေးလုပ်ငန်း(သို့မဟုတ်) စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော လုပ်ငန်းများ ဖြစ်ပါကလန (၃၉) ၊ ပုံစံ (၁၀၅) ၊(၁၀၆) မူရင်းနှင့်ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူ (၂)ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုအာမခံအဖြစ် တင်သွင်းရမည်ဖြစ်ပါ သည်။ ချေးငွေအတွက် အာမခံပစ္စည်းလုံလောက်စွာမပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်သွယ်၍ချေးငွေအာမခံစနစ် (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ပါသည်။ ကျပ်သိန်း(၂၀ဝ)ထက်ပိုသောချေးငွေဖြစ်ပါကမီးအာမခံ၊ ဘဏ်ရှေ့နေနှင့်ဘဏ်ရာဖြတ် အစီရင်ခံစာတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။
ချေးငွေရယူလိုသူများသည် ၎င်း၏အမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊ မြို့နယ်ဘဏ်ခွဲသို့မဟုတ် နီးစပ်ရာဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများအား လျှောက်ထားနိုင်ပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)၊အမှတ်၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့။ ဖုန်း - ဝ၁ ၃၉၁၂၃၅ ၊ Fax - ဝ၁ ၃၈၁၇၀၃ တို့တွင်လည်းစုံစမ်းနိုင်ပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန